နေပြည်တော် ၃၁ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Ahmed NuhuBamalli ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့်နိုင်ဂျီးရီးယား နှစ်နိုင်ငံအကြား ၁၉၇၀ ခုနှစ်ကစတင်ခဲ့သည့် သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရှင်သန်ခိုင်မာရေး၊ အကျိုးတူပူးပေါင်း ဆောင်ရွက် မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရေး၊ စက်သုံးဆီ၊ သတ္တု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှုကဏ္ဍများတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရချင်း၊ ပုဂ္ဂလိကကဏ္ဍချင်း ညှိနှိုင်းဖလှယ်ဆောင်ရွက်ရေး၊ အလားအလာရှိသော ကဏ္ဍများတွင် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ ဈေးကွက်ရှာဖွေကာ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)