ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တူရကီနိုင်ငံတွင် ကျင်းပသည့် 88th Izmir International Trade Fair  တက်ရောက်

နေပြည်တော်  ၈   စက်တင်ဘာ 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် တူရကီနိုင်ငံ Izmir မြို့တွင် ကျင်းပသည့် 88th Izmir International Trade Fairသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။


ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင်  Izmir မြို့၌ ကျင်းပသည့် တူရကီနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအခွင့်အလမ်းရှင်းလင်းတင်ပြပွဲသို့ တက်ရောက်ခဲ့သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Izmir Chamber of Commerce, AEGEAN Chamber of Industry, AEGEAN Exporters’ Associations တို့ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ပြီး ညပိုင်းတွင် တူရကီနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် China - Turkey Trade and Investment Cooperation Forun သို့ တက်ရောက်သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Turkey - China Business Development and Support Association ၏ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တူရကီနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Mrs. Ruhsar PEKCAN တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ - တူရကီ - တရုတ် ကုန်သွယ်မှု ပူးပေါင်းမြှင့်တင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တူရကီနိုင်ငံ Izmir မြို့ Izmir Culture Park ၌ကျင်းပသည့် 88th Izmir International Trade Fair ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


 (သတင်းစဉ်)

 

201909