နေပြည်တော် အောက်တိုဘာ ၅

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးစဉ်ဒေသများ ပြန်လည်စတင်နိုင်ရန်အတွက် ရည်ရွယ်၍ ပစိဖိတ် - အာရှ ခရီးသွား လုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကြီးမှူးပြီး COVID-19 Destination Recovery Insights Exchange- Session 3 ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

 

ဆွေးနွေးပွဲတွင် ပစိဖိတ် - အာရှခရီးသွားလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Ms. Liz Ortiguera နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Tourism specialist Ms.Jessie McComb က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ Guam Visitors Bureau နှင့် Macao Government Tourism Office တို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်ချက်များကို ဆွေးနွေပြောကြားသည်။

 

ဆက်လက်၍ Round Table Discussion တွင် ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်သင့်သည့် အချက်များဖြစ်သော ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများ၊ ဒေသခံ ပြည်သူများအကြား ကိုဗစ်-၁၉နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပြန့်ပွားရေးကိစ္စ၊ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံရေးကိစ္စ၊ Digital နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးကိစ္စ၊ မိမိတို့၏ ခရီးစဉ်ဒေသများကို COVID Safe  Destination  အဖြစ်  မြှင့်တင်ဆွဲဆောင် နိုင်ရေးကိစ္စ၊ ပြည်ဝင်ခွင့် ဗီဇာ (Visa) ဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ 

 

ဆွေးနွေးပွဲသို့ ပစိဖိတ် - အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ပစိဖိတ် - အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) ကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာရှနှင့်ပစိဖိတ်ဒေသရှိ ခရီးစဉ်ဒေသများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်သော လုပ်ငန်းများမှ အသင်းအဖွဲ့များနှင့် ပညာရေးအဖွဲ့အစည်းများ စသည်တို့မှ အဖွဲ့ဝင် (၅၀၀)ကျော် ပါရှိသည်။

 

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်  စတင်ဝင်ရောက်ခဲ့ပြီး ပစိဖိတ် - အာရှ ခရီးသွား လုပ်ငန်းအဖွဲ့မှ စီစဉ်ပြုလုပ်သည့် ခရီးသွားပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ ပါဝင်တက်ရောက်ခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပစိဖိတ် - အာရှ ခရီးသွားလုပ်ငန်း အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နိုင်ရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကို Online မှ တဆင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်