နေပြည်တော်  ၃၁   အောက်တိုဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဦးသူရဆန်းအောင် ဦးဆောင်သော ဟိန္ဒူလူငယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် လူငယ်မူဝါဒကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လူငယ်များ ကိုယ်တိုင်ပါဝင်ရေးဆွဲပြီး မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဟိန္ဒူလူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လက်တွေ့ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)