နေပြည်တော် ၁၇ ဇူလိုင် 


    
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှ Director for Myanmar, Cambodia and Lao PDR Ms.Ellen Goldstein နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။


    
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်နေမှုနှင့် သုံးသပ်ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ် (MCCT) အတွက် ကမ္ဘာဘဏ်၏ အတိုးနှုန်းသက်သာသော ချေးငွေနှင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေမှ ပူးပေါင်းကျခံ၍ ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် UEHRD တို့မှ ဆောင်ရွက်နေမှု၊ နေရပ်စွန်ခွာသူများ နေထိုင်ရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲအတည်ပြုနိုင်ရေး နောက်ဆုံးအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်