နေပြည်တော် ၂၀ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပက်ထရစ် ဘရန်ဒန်ချဂ် အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံတွင် ကျင်းပမည့် “Preventing Sexual Violence in Conflict International Conference” ညီလာခံ ရက်ရွှေ့ဆိုင်းခဲ့ခြင်းနှင့် ညီလာခံ ပြန်လည်ကျင်းပနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အရေးကိစ္စ နှင့်စပ်လျဉ်း၍ နောက်ဆုံး အခြေအနေများ၊ ဇန်နဝါရီလအတွင်း ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်