နေပြည်တော် ၉  စက်တင်ဘာ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Ms. Karen Mac Arthur နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုကြောင်းကိစ္စ၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေး၊ အမျိုးသားရေးမူဝါဒရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)