နေပြည်တော်    ၂၅   အောက်တိုဘာ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် (၂/၂ဝ၁၉)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်စပ်လျဉ်းပြီး လုပ်ငန်းများ အကောင်အထည်‌ဖော်ရာတွင် လိုအပ်ချက်များကို မှတ်သားထားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အနာဂတ်တွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အခွင့်ရေးများဖော် ဆောင်ရန်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။

(သတင်းစဉ်)