နေပြည်တော် ၁ ဇန်နဝါရီ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင် နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်ရှိ မြတ်စုမွန်လူငယ်ပရဟိတဂေဟာသို့ သွားရောက်ပြီး ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေ လှူဒါန်းကာ ဂေဟာအတွက် အလှူငွေကျပ် (၅)သိန်း၊ ဂေဟာရှိကလေးငယ်(၁၁၀)အတွက် ဆန်ဖိုး ထောက်ပံ့ငွေ (ငါးဆယ့်ကိုးသိန်းလေးသောင်း)၊ ဝတ်စုံစရိတ်နှင့် စားစရိတ် (တစ်ရာ့ နှစ်သိန်းသုံးသောင်း)နှင့် ဂေဟာမှူးထောက်ပံ့ငွေ (သုံးသိန်းခြောက်သောင်း) စုစုပေါင်း ငွေကျပ် (တစ်ရာ့ခုနှစ်ဆယ်သိန်းသုံးသောင်းတိတိ)နှင့် ကျောင်းစိမ်း ကျား/မ ဝတ် အထည်များနှင့် ရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရေတာရှည်ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ဘိုးဘွားရိပ်သာ အတွက် အလှူငွေကျပ် (၅)သိန်း၊ ဘိုးဘွား (၂၆) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေကျပ် (တစ်ဆယ့်လေးသိန်းလေးထောင်)၊ ဝတ်စုံစရိတ်နှင့် စားစရိတ်ငွေကျပ် (နှစ်ဆယ့် လေးသိန်းတစ်သောင်းရှစ်ထောင်)၊ ဂေဟာမှူးထောက်ပံ့ငွေ (သုံးသိန်းခြောက်သောင်း) စုစုပေါင်း (လေးဆယ့်ခြောက်သိန်း ရှစ်သောင်းနှစ်ထောင်တိတိ)နှင့် ပုဆိုး၊ ထဘီ၊ တဘက်နှင့် ရှပ်အင်္ကျီတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်သပြေကုန်းရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ စာသင်သား၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်း၊ သင်္ဃန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်