နေပြည်တော် ၂၅  မတ် 
    

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ    အထူးကိုယ်စားလှယ် Mrs. Christine Burgener တို့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
    

 

ထို့သို့တွေ့ဆုံစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၏ရုံးနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရပ်စွန့်ခွာသူ များအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များ ပါဝင်သည့် “Factsheet” ရေးသားပြုစုနေမှု၊ အဆိုပါ “Factsheet” ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော နေရပ်စွန်ခွာသူများထံသို့ ဖြန်ဖြူးပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဧပြီလအတွင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်း အဝေးကျင်းပရန် စီစဉ်နေမှု၊ နေရပ်စွန်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ တွင် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ASEAN Emergency Response and Assessment Team (ERAT) မှ ပထမအကြိမ် ကွင်းဆင်းလေ့လာမှုကို ဆောင်ရွက်နိုင်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုနှင့် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC, IFRC တို့ဖြင့် ပူးပေါင်း၍ လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှု များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)

 

ေေ