နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ဘယ်လာရုစ် သမ္မတနိုင်ငံ အမျိုးသားသိပ္ပံ အကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့်နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီ ရှကာဒါရီဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့သည့် မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈)၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုဖြစ်သည့် သိပ္ပံနှင့်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများမှ တစ်ဆင့် ထုတ်လုပ်မှု နယ်ပယ်အသီးသီးကို အကျိုးပြုစေမည့် နည်းပညာ လွှဲပြောင်းရရှိရေးနှင့် နှစ်နိုင်ငံ အကြား စီးပွားဆက်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံရာသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


