နေပြည်တော် ၁၄ ဇန်နဝါရီ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး ကိစ္စရပ် နှင့် ပတ်သက်၍ CTFMR နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ယန္တရား ပိုမိုခိုင်မာမှုရှိစေရေး၊ တပ်မတော်အား ကလေးစစ်သား အသုံးပြုမှု စာရင်းမှ ပယ်ဖျက်ပေးနိုင်မည့် နည်းလမ်းများနှင့် ပယ်ဖျက်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်