နေပြည်တော် ၁၆ ဇန်နဝါရီ
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် The Hague Code of Conduct against Ballistic Missile Proliferation (HCOC)၏ ဥက္ကဋ္ဌ ဩစတြီးယားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Kjersti Andersen နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝေးပစ်ဒုံးကျည်များ မပြန့်ပွားရေးဆိုင်ရာ သည်ဟိဂ် ကျင့်ထုံး ဥပဒေသို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးကိစ္စနှင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီးပါက လိုက်နာရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)