နေပြည်တော် ၁၇ အောက်တိုဘာ

 

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၏ (၇)ကြိမ်မြောက် ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲ (7th World Military Games) ဖွင့်ပွဲ အခမ်းအနားနှင့် (၉)ကြိမ်မြောက် Beijing  Xiangshan Forum သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာသွားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာနှင့် ပြည်တွင်းရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ လိုက်ပါသွားကြောင်း သိရသည်။

 

သတင်းစဉ်