နေပြည်တော်  ၂၇  ဧပြီ

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည်    ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက  မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည့် မန္တလေးမြို့ရှိ လုပ်ငန်း ရှင်များက မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

2724

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ နှင့်အတူ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်စာသင်တိုက်အတွင်း  တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

96