ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ လာအိုပြည်သူ့ ဒီမိုကရက် တစ်သမ္မတနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော် ၁၈ မတ် 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး  H.E.Pol.Maj . Gen . Somkeo Sylavong ၏ ဖိတ်ကြားချက်အရ ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လာအိုနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး အလည်အပတ်ခရီး ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း(၇) ဦး လိုက်ပါသွားကြပြီး မြန်မာကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံမတ်ကြီး H.E.Mr. Lyying Sayaxang ၊ စစ်သံမှူး Col. Bounmyvieng Viengnhoutthasat ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် မြန်မာ-လာအို နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ၍ နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စများ ဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)