နေပြည်တော်  နိုဝင်ဘာ ၂၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ ဗီနေးမိုဟန်ကွာထရာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဗီနေးမိုဟန်ကွာထရာ တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

သတင်းစဉ်