နေပြည်တော် ၈ ဇန်နဝါရီ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်အမတ် Mr.Nakatani Gen နှင့် Mr.Hamada Yasukazu  တို့ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နယ်စပ်ဒေသများတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်ကိစ္စ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ဂျာမနီ အစရှိသည့် နိုင်ငံများဖြင့်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအပြင် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ NGOs ၊ INGOs အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအ‌ရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

သတင်းစဉ်