နေပြည်တော် မေ ၂

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများ နေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် နှစ်ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှ ုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား အရည်အသွေး ကောင်းမွန် စေရေးအတွက် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားသည်။

 

ထို့နောက် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ Call Room ၌ ဂျူဒိုနှင့် ဂျူဂျစ်ဆု အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကို လက်ခံတွေ့ဆုံပြီး လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြင် အနာဂတ်တွင်ဂျူဂျစ်ဆု အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပြီး အားထည့်၍ ကြိုးပမ်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြား သည်။

 

ယင်းနောက် မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ဂျူဒိုအားကစား အဆင့်အတန်း ပိုမိုမြင့်မားလာစေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်