နေပြည်တော် ၂၆ ဒီဇင်ဘာ 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသား လူမျိုးများနှင့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားမတိုင်မီ နံနက် နာရီတွင် ကရင်အမျိုးသားအလံတင် အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကရင်အမျိုးသားအလံကို လွှင့်တင်ပေးပြီး တက်ရောက်လာကြသူများက ကရင်အမျိုးသားအလံကို အလေးပြုကြသည်။ ထို့နောက် ကရင်အမျိုးသားအလံတော် သမိုင်းကြောင်းကို ဖတ်ကြားပြီး ကရင်အမျိုးသားသီချင်း သီဆိုဂုဏ်ပြု၍ အလံတင်အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် နံနက် နာရီတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

ယင်းနောက် အခမ်းအနား သဘာပတိ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကရင်အမျိူးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့လာသော သဝဏ်လွှာကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဖတ်ကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ ပေးပို့လာသော သဝဏ်လွှာကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဖတ်ကြားသည်။

ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းကိုတက္ကသိုလ် ကျောင်းသား ကျောင်းသူများက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ဖတ်ကြားတင်ပြပြီး ကရင်ပြည်နယ်ရှိ ဂုဏ်ပြုခံအထင်ကရ သက်ကြီးကရင် အဘိုးအဘွားများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားကာ ဂုဏ်ပြုခံအထင်ကရ သက်ကြီးကရင်အဘိုးအဘွားများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ကြသည်။

ယင်းနောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို စည်းလုံးခြင်းသည်အင်အား တေးသီချင်းသီဆို၍ ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် နံနက် ၁၁ နာရီခွဲတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်()ရပ်ကွက်၊ သီရိလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ နာရီတွင် မီးဘေးသင့်ပြည်သူများအား စောင့်ရှောက်ထားရှိသည့် မွန်ပြည်နယ် ကျိုက်မရောမြို့လက်ပန်ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲသို့ သွားရောက်ပြီး မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် မွန်ပြည်နယ်မှ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်နှင့် ရှင်စောပု မွန်အမျိုးသမီး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ မိကျင်သန်းတို့က ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မီးဘေးသင့် အိမ်ခြေ ၁၅ လုံးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထောက်ပံ့ငွေများ၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး မီးဘေးသင့်ပြည်သူများကိုယ်စား ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မီးလောင်ကျွမ်းခဲ့သည့် နေရာသို့ သွားရောက်ကြည့်ရှုသည်။

လက်ပန်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအား ဒီဇင်ဘာ ၂၂ ရက်၌ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မီးလောင်ကျွမ်းခဲ့သည့် နှစ်ထပ်ပျဉ်ထောင်အိမ် ၁၄ လုံးအတွက် ထောက်ပံ့ငွေကျပ် ၂၈ သိန်းနှင့် တဲအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် သိန်း စုစုပေါင်း ၂၉ သိန်း၊ ခြင်ထောင်၊ စောင် မီးဖိုချောင်သုံးပစ္စည်း မျိုး၊ မီးဘေးသင့်သူ ၅၈ ဦးအတွက် ဆန်ရိက္ခာ တန်ဖိုးငွေကျပ် ၁၂၁၈၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ယနေ့တွင် အိမ်ထောင် ၁၅ စုအတွက် ထောက်ပံ့ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှ ထောက်ပံ့ငွေ၊ ဆန်၊ ဆီ ခေါက်ဆွဲခြောက် တန်ဖိုးငွေ စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သတင်းစဉ်