နေပြည်တော် ၁၉ နိုဝင်ဘာ

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းတို့မှ ဦးဆောင်ကျင်းပမည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ Myanmar Ethnics Culture Festival မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီ၌ ရန်ကုန်တိုင်းဒေသကြီးရှိ UMFCCI ခန်းမတွင် ကျင်းပသည်။

 

တနန

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်တို့က အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မတူညီသော ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာ ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု ဘာသာစကား စကားပြောဆို သုံးနှုန်းမှုများရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော နိုင်ငံတော်ကြီးဖြစ်ပါ၍ အရောင်အသွေးစုံ ပန်းပေါင်းစုံ ဖူးပွင့်နေကြသည့် ပန်းဥယျာဉ်ကြီးနှင့် တူပါကြောင်း၊ မည်သို့ပင် မတူကွဲပြားခြားနားကြပါစေ တိုင်းရင်းသားများသည် နိုင်ငံတော်အတွင်း အေးအတူပူအမျှ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွှတ်စွာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုဖြင့် လက်တွဲမဖြုတ်စတမ်း နေထိုင်သမျှတစ်လျှောက်လုံး ဘယ်တော့မှ ပြိုကွဲသွားခြင်း မရှိနိုင်ပါကြောင်း၊ တိုင်းရင်းသားဒေသများ၌ ပြန်လည်ဖော်ထုတ်ရန် ကျန်ရှိနေသေးသည့် ရိုးရာဓလေ့ ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရှိနေသဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဆောင်ရွက်ပေးရန်လိုပါ၍ မြန်မာကရော ကမ္ဘာကပါ သိရှိနိုင်ရန် ဖော်ထုတ်ပေးမည့် စင်မြင့်တစ်ခုလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှ၊ အသုံးအဆောင်ပစ္စည်းများကို တစ်နေရာတည်း ကြည့်ရှုလေ့လာခွင့်ရသည့် သွေးချင်းတို့ရဲ့ ပွဲတော်အခမ်းအနားကြီးကို ဖြစ်မြောက်ရန်နှင့် ပြည်ထောင်စု၏ ထာဝရငြိမ်းချမ်းရေးအတွက် မျှော်ကိုး၍ ပါဝင်ပတ်သက်သူများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွေးချင်းတို့ရဲ့ ပွဲတော်သို့လည်ပတ်သူများ ယခင်နှစ်ထက် ပိုမိုလာရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ပွဲတော်ပြီးသည့်အခါ တိုင်းရင်းသားအစားအသောက်၊ ဝတ်စားဆင်ယင်မှု ရိုးရာအမှတ်တရတစ်ခုကျန်ရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ လိုအပ်သည်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးယောဆက်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ကျင်းပရခြင်းနှင့်ပတ်သက်၍ ယခင်နှစ်ပွဲတော်မှ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ယခုနှစ်၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပံ့ပိုးကူညီပေးစေလိုသည့်အချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀) ကိုလည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံငွေကျပ်သိန်း (၁၀၀၀)ကိုလည်းကောင်း ပေးအပ်ကြရာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးယောဆက်က လက်ခံရယူသည်။

ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ထောက်ပံ့ငွေကျပ် သိန်း (၂၀၀)ပေးအပ်ရာ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းကျော်က လက်ခံရယူသည်။

သွေးချင်းတို့ရဲ့ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ရက်မှ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပွဲတော်၌ တိုင်းရင်းသားအလှမယ်ရွေးပွဲ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် အဝတ်အထည်များရောင်းချပွဲ၊ တိုင်းရင်းသားလူမျိုးအလိုက် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမည့်ပြခန်းများ၊ တိုင်းဒေသကြီးပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းများမှ စျေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်