နေပြည်တော် ၂၄ စက်တင်ဘာ


ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Council for the Promotion of National Trade ၏ ဥက္ကဋ္ဌ Mr.Lan Jun နှင့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် တိုင်းရင်းသားရေးရာဆိုင်ရာ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် One Town, One Product ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား ဒေသထုတ်ကုန်များ ပါဝင်ပြသနိုင်ရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ အသင်းတို့နှင့် စီးပွားရေးအမြင်ချင်းဖလှယ်မှုမှသည် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ တိုင်းရင်းသားဒေသ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကိစ္စရပ်များ၊ တိုင်းရင်းသားဒေသတွင်း စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေရေး၊ တူညီသော အနာဂတ်ဖော်ဆောင်ရေး၊ ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုရှိပြီး လူမှုရေးအရ အကျိုးပြုကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


တွေ့ဆုံမှုမတိုင်မီ ဧည့်သည်တော်အဖွဲ့သည် ဝန်ကြီးဌာနရှိ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 
သတင်းစဉ်