နေပြည်တော် ၁၃   စက်တင်ဘာ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နော်ဝေနှင့်မြန်မာနိုင်ငံအကြား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေစီမံအုပ်ချုပ်ရေး၊ ရေသယံဇာတ အရင်းအမြစ် ဘက်စုံစီမံအုပ်ချုပ်ရေးနှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံအုပ်ချုပ်ရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ သစ်တောပြန်လည် တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းအရ ဆောင်ရွက်မည့်ဒေသများ၊ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တောစီမံအုပ်ချုပ်မှု ဆောင်ရွက်နိုင်သည့်ဒေသများ၊ ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသများ၌ သစ်တောထိန်းသိမ်းရေး အခြေအနေများ၊ အဏ္ဏဝါပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆောင်ရွက်မည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေသည့် နည်းလမ်းဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်