နေပြည်တော် ၁၄ အောက်တိုဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် တီးတိန်- ရိဒ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် မံဆောင်း တံတားသစ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းဖြစ်သော တီးတိန်-ရိဒ်ခေါရ်ဒါ လမ်းပေါ်ရှိ မံဆောင်း ကြိုးတံတားဟောင်းအနီးတွင် ရာသီမရွေးသွားလာနိုင်မည့် မံဆောင်းတံတားသစ်ကို ယာဉ်တစ်စီးချင်း ခံနိုင်ဝန်တန် ၆၀ ရှိ နှစ်လမ်းသွား Steel Box Girder Type ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင် တည်ဆောက်သွားမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တီးတိန်-ရိဒ်လမ်း အူကြောင်းသစ် လျာထားနေရာ၊ တီးတိန်-ရိဒ်ခေါရ် ဒါနယ်စပ်တံတားနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တည်ဆောက်မည့် နေရာ၊ ဆအက်-သီးကျိရ် - မွှန်လွှ-ကြော့သဲ - လျန်နှာ(ဟ)-လျန်နှာ(သ) -တီအိုချောင်း - ရိဒ် ကျေးလက်လမ်း၊ ရိဒ်-ဖလမ်း - ဟားခါးလမ်းနှင့် တလပ်လွန် -ခဲန်ကန် - ခေါရွာ-ကျဲရ်မွန် လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဆူရ်ဘုန်(ဖလမ်း) လေဆိပ်သစ် တည်ဆောက်နေမှုနှင့် ဖလမ်း-ဟားခါးလမ်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)


