နေပြည်တော်  ၂၈  အောက်တိုဘာ

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး မစ္စစ်ဟင်းလ်ဒါဆူလ်ဘတ်ကန် တို့သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌  တွေ့ဆုံပြီး   မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့အကြား ရှိရင်းစွဲ ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးတွဲဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ကျန်းမာရေး၊ သဘာဝသယံဇာတ စီမံခန့်ခွဲရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသမီးများကဏ္ဍ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကူညီပံ့ပိုးရေးနှင့် မြေမြှုပ်မိုင်းပညာပေးရေး ဆိုင်ရာကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အရှိန်အဟုန်မြှင့်တင်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ဒုတိယအကြိမ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို COVID-19 ထိန်းချုပ်နိုင်သည့် နှစ်ဖက် အဆင်ပြေမည့်အချိန်တွင် ကျင်းပသွားရေးကိစ္စနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

သတင်းစဉ်