နေပြည်တော် ဇန်နဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင် သည် စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းဝင်း တို့နှင့်အတူ ယမန်နေ့မွန်းလွဲ (၂)နာရီက ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဟုမ္မလင်းခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် ပြည်သူလူထု အားကိုးရသည့် ဌာနဖြစ်စေရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများသည် အရေးပါသည့် လုပ်ငန်းများဖြစ်၍ အားသွန်ခွန်စိုက်ကြိုးပမ်း စေလိုကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများ ပညာရှင်အဆင့် ကျွမ်းကျင်အောင်လေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီနေထိုင်၍ ဥပဒေစည်းမျဉ်းမှန်သမျှ ရှင်းလင်းနိုင်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသော ဌာနများမှမိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးသိပ္ပံအတွက် မြက်ဖြတ်စက် ၁ ခု၊ ဟုမ္မလင်းမြို့နယ် တောင်သူအစုအဖွဲ့အလိုက် အသုံးပြုရန်နှီးဖြာစက် ၁ လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်