နေပြည်တော် ၁၅  နိုဝင်ဘာ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်သည် ယနေ့တွင် 25th ASEAN TRANSPORT MINISTERS MEETING AND DIALOGUE PARTNER MEETINGS ၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ မြို့ပြပို့ဆောင်ရေး ကော်မရှင်ဥက္ကဋ္ဌ MR. Kee Choo Choi နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

 

mdn