နေပြည်တော် ဩဂုတ် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)မှ အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် IOM အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငှက်ဖျား ရောဂါ၊ တီဘီရောဂါနှင့် ခုခံကျကာလသားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်း လုပ်သား မိသားစုဝင်များ၏ ကလေးများအား အမီလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်း တိုး ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကျန်းမာရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်