နေပြည်တော် နိုဝင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် အမျိုးသားပရဆေးဉယျာဉ်သို့ သွားရောက်၍ ပရဆေးဉယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ဆေးဘက်ဝင် ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပရဆေးဉယျာဉ်အတွင်းရှိ လျှိုပိတ်ဆည်ရေကန် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ထိန်းသိမ်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား တာဝန်ရှိသူများက တိုင်းရင်းဆေးပညာပြတိုက်အတွင်း နယကြီး လေးပါးဆိုင်ရာ ပြသထားမှု၊ ရေထွက်၊ မြေထွက်၊ အပင်ထွက် ဆေးပစ္စည်းများထားရှိမှု၊ တိုင်းရင်းဆေးဝါး စက်ရုံထုတ်ဆေးဝါးများ ပြသထားရှိမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေး ထုတ်ဝေထားရှိသော စာအုပ်များ၊ လက်ကမ်း စာစောင်များကို စုစည်းထားရှိမှုတို့ကို လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နရသုခပျိုးဉယျာဉ်အတွင်း ပရဆေးပင်များ မျိုးထိန်းထားရှိမှု၊ အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ အမှတ်တရစိုက်ပျိုးထားသည့် အပင်များထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အမျိုးသားပရဆေးဥယျာဉ်အား ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ ဗဟုသတရရှိစေပြီး အပန်းလည်းဖြေစေနိုင်သည့် ဥယျဉ်ကြီးတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အမျိုးသား ပရဆေးဉယျာဉ်ကို Master plan ရေးဆွဲထိန်းသိမ်းထားရှိရန်၊ ပရဆေးစိုက်ခင်းပြကွက် များကို အကွက်ချ စိုက်ပျိုးသွားရန်၊ မြေ၊ ရေ၊ ရာသီဉတုနှင့် ကိုက်ညီမှုမရှိသည့် စိုက်ပျိုးရန် ခက်ခဲသည့် ဆေးဘက်ဝင် အပင်များ အား Green house စနစ်ဖြင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နှီးနွယ်ဝန်ကြီးဌာနများမှ ပညာရှင်များ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


