နေပြည်တော်  ၁၁   ဇူလိုင် 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်၌ ကျင်းပသည့် ဓမ္မာစရိယစာမေးပွဲကို ကြီးကြပ်လျက်ရှိသော ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ဆရာတော်ကြီးများနှင့် ဖြေဆိုလျက်ရှိသော စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော် ကြည်ညိုသည်။


အလားတူ ဒုတိယဝန်ကြီး ဦးကြည်မင်း သည် တပ်ကုန်းမြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပသည့် ဓမ္မာစရိယစာမေးပွဲကို ကြီးကြပ်လျက်ရှိသော ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ဆရာတော်ကြီးများနှင့် ဖြေဆိုလျက်ရှိသော စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုသည်။


ထိုသို့သွားရောက်ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဓမ္မာစရိယစာမေးပွဲ ကျင်းပမှုအား ကြီးကြပ်လျက်ရှိသော ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ကြီးကြပ် ဆရာတော်ကြီးများ အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်