ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀ သြဂုတ် 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr.Toshio Nishimura နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ ဂျပန်နိုင်ငံမှ Global Grant အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ခဲ့မှု၊ Global Grant အစီအစဉ်ဖြင့် ကျေးလက်ဒေသများတွင် ဆရာ၊ ဆရာမ နေထိုင်ရန်ပါရှိသည့် စာသင်ကျောင်းများ ဆောက်လုပ်ပံ့ပိုးပေးရန်ကိစ္စ၊ ဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဂျပန်နိုင်ငံမှ ပုဂံဒေသ ရှုခင်းများရိုက်ကူးခဲ့မှု၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသတွင် ဂျပန်နိုင်ငံမှ လှူဒါန်းဆောင်ရွက်မှုများနှင့် ရှုခင်းများအား Drone ဖြင့်ရိုက်ကူးခဲ့မှု၊ ဂျပန်နိုင်ငံအစိုးရမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သည့် စစ်သည်အချို့၏အရိုးများ ပြန်လည်ကောက်ယူသည့် အစီအစဉ်များတွင် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ မြို့တော်ဝန်နှင့် ကိုယ်စားလှယ်အဖွဲ့က ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စ၊ ရှေ့ဆက်လက်ပြီး နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်