နေပြည်တော် ၃၀ ဇန်နဝါရီ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr.Bhim K.Udas အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နီပေါနိုင်ငံတွင် နိုင်ငံတကာဗုဒ္ဓဘာသာ ညီလာခံနှင့် ဗုဒ္ဓနေ့ အခမ်းအနား ကျင်းပမည့်ကိစ္စ၊ နီပေါ-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၆၀) ပြည့် အခမ်းအနား ကျင်းပမည့် ကိစ္စတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်