နေပြည်တော် ၈ သြဂုတ်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည်  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mr. Nandimithra Ekanayake နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ သီရိလင်္ကာနိုင်ငံရှိ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အလို့ငှာ ၁၂ ပေအမြင့်ရှိ စကျင်ကျောက်စေတီတော်အား မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းပေးစေလိုရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ သီရိလင်္ကာနိုင်ငံမှ ပြည်သူများ မြန်မာနိုင်ငံရှိ ဘုရားစေတီပုထိုးများကို လာရောက်ဖူးမြော်ရာ၌ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် သီရိလင်္ကာဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေးအတွက် မြေနေရာရရှိရန် ကူညီဆောင်ရွက်ပေးစေရေးနှင့် ရှေ့ဆက်လက်ပြီး နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်