ရန်ကုန် ၂၆ ဇန်နဝါရီ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့ (မ - မ - လ ဌာနချုပ်)၏ ပဉ္စမအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဦးစီးကိုယ်စားလှယ်များ စုံညီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ City Hotel Yangon ၌ ကျင်းပသည်။

 

စုံညီအစည်းအဝေးတွင် သဘာပတိ မ - မ - လ ဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ယင်းနောက် မ - မ - လ ဌာနချုပ်နှင့် ညီနောင်ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ ပြောကြားကြပြီး စုံညီအစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 

သတင်းစဉ်