နေပြည်တော် ၃၀ ဇန်နဝါရီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မွန်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာရေးခေါင်းဆောင်းများနှင့် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ တွေ့ဆုံကြသည်။

 

ထိုသို့တွေ့ဆုံစဉ် ဘာသာပေါင်းစုံညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဂုဏ်ထူးဆောင် နာယက ဝဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေမှ မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ရုံးအတွက် အလှုငွေကျပ်သိန်း ၅၀ ကို မတည်လှူဒါန်းသည်။ 

 

မင်းသစ်