နေပြည်တော် ၁၂ ဒီဇင်ဘာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်းမှ လူငယ်များအား ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဒေါ်ဂျာနန်၊ မူဝါဒရေးရာ ဒါရိုက်တာ ဒေါ်နန်ရော်နှင့် စီမံကိန်းအရာရှိ ကိုသူရနိုင်တို့က ငြိမ်းဖောင်ဒေးရှင်းအကြောင်း၊ စီမံကိန်းအစီအစဉ်များနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းအကြောင်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

သတင်းစဉ်