နေပြည်တော် ဖေဖော်ဝါရီ ၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် မြန်မာ့ရိုး ရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဦးစီးဌာနများအလိုက် ပြိုင်ပွဲဝင် အသင်းများ၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံ ကြည့်ရှုအား ပေးကြသည်။ 

ထို့နောက် ဆုရရှိသည့်အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်