နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အဦတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန် တိုင်းရုံး ဖွင့်လှစ်မည့်နေရာကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်း များရရှိရေး၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် မကြာမီကာလအတွင်း ကုန်အမှတ် တံဆိပ်ဥပဒေ အာဏာသက်ဝင် ဆောင်ရွက်တော့မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လုပ်ငန်း များ စနစ်တကျ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိ ရေးကိစ္စရပ်များကို မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္လာတော င်ညွှန့်မြို့နယ်၊ စက်ဆန်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သိုလှောင်ရုံးများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)