နေပြည်တော် အောက်တိုဘာ ၂၁

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့ အကြိုဧည့်ခံပွဲသို့ တက်ရောက်သည်။

 

ထို့နောက် အသင်းဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့်တွေ့ဆုံကာ ပြည်တွင်းကူးသန်းရောင်း ဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး  ကုန်စည်ဒိုင်အမှုဆောင်များက တင်ပြမှုများ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မန္တလေးတိုင်းဒေသကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ နေ့လယ်စာသုံး ဆောင်ပြီး ရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို လုပ်ငန်းဆိုင်‌ရာများ ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ မန္တလေးမြို့ရှိ  မန္တလေးမင်္ဂလာဟိုတယ်၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်းများ (MSME) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်အတွင်းရှိ ကုန်ထုတ် လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်း ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေနွေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေကြသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)