ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီး မြုပ်နှံသူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် သီလဝါအထူးစီးပွားရေးဇုန်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ လက်ရှိရင်းနှီးမြုပ်နှံမှုများ စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်နိုင် ရေးနှင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်နှီးမြုပ်နှံမှုလုပ်ငန်းများဆောင် ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်မှဖော်ဆောင်ပေးနေသည့် အခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်းများ၌ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက် ပေးပြီး ရင်းနှီးမြုပ်နှံသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးတည်ထောင်သူ(Developer)ဖြစ်သော Myanmar Japan Thilawa Development Limited(MJTD)မှ တာဝန်ရှိသူများ၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် သီးခြားတွေ့ ဆုံ၍ ဆက်လက်ဆောင်ရွက်ပေးရန် လုပ်ငန်းများကို ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်