နေပြည်တော်၊ ဩဂုတ်လ ၁၈
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)