နေပြည်တော်၊ မေ ၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 (သတင်းစဉ်)