နေပြည်တော်  ၂   စက်တင်ဘာ 


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကိုနှင့် China Daily & Resources Venture International Publication Services (RVIPS) မှ အမှုဆောင်အရာရှိချုပ် Mr. Ang Wei Kwaung တို့အား နေပြည်တော်ရှိ  ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌  တွေ့ဆုံသည်။


တွေ့ဆုံစဉ် China Daily & RVIPS Myanmar Marathon အပြေးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသ၌ ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် Bright View Travels & Tours Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်ရွှေ၊ Myanmar Motor Sports Organization (MMSO) မှ ဦးကျော်ဇေယျာဝင်းနှင့် မြန်မာပြိုင်ပွဲဝင် အသင်းခေါင်းဆောင် ဒေါက်တာ စိုးထွဋ်အောင်တို့နှင့် တွေ့ဆုံ၍ Bright View Travels & Tours Co.,Ltd နှင့် MMSO တို့ ပူးပေါင်း၍ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၁၄)နိုင်ငံ ပါဝင်သည့် နိုင်ငံဖြတ်ကျော် ကားမောင်းပြိုင်ပွဲ Asia Cross Country Rally (2019) အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကားမောင်းပြိုင်ပွဲ အစီအစဉ်များကို ဆွေးနွေးကြသည်။


(သတင်းစဉ်)