နေပြည်တော် ၄ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဂျာမဏီနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကူမင်းမြို့) စသည့် နိုင်ငံ (၅) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၅) ဦးနှင့် ယနေ့ မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စီးပွားရေးသံမှူးများနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ခရီးစဉ်ဒေသများကို မိမိတို့ရောက်ရှိသည့်နိုင်ငံများတွင် မြှင့်တင်ကြော်ငြာရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ကူညီပံ့ပိုးပေးရေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှလည်း ခရီးသွားမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက်များ ကူညီပံ့ပိုးပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်