နေပြည်တော် ၃၀ ဇူလိုင် 

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် FDI Hotels Committee Chairman Mr. Suki Singh နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွင် ဧည့်သည်ဝင်ရောက်မှု များစွာကျဆင်းခဲ့သဖြင့် FDI ဟိုတယ်များ ရင်ဆိုင်နေရသည့် အနေအထားများနှင့် သက်သာခွင့်ရရှိနိုင်မည့် အနေအထားများကို FDI ဟိုတယ်အဖွဲ့က တင်ပြဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန် CERP နှင့်အညီ ဝန်ကြီးဌာနက သက်သာခွင့် ဆောင်ရွက်ပေးခဲ့မှုဆိုင်ရာများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ မြန်မာ့ခရီးသွား မဟာဗျူဟာလမ်းပြမြေပုံကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လက်ရှိဟိုတယ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital နည်းပညာအသုံးပြု၍ ခရီးသွားမြှင့်တင် ဆောင်ရွက်မှုများ၊ ခရီးသွား အကြံပြုချက်များကို ဝန်ကြီးဌာန၏ Website တွင် လွှင့်တင်ထားရှိမှုများ သရုပ်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်