နေပြည်တော်၊ ၈ ဒီဇင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ဥက္ကဋ္ဌ၊ ဦးနောင်းနောင်းဟန်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တို့အား နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကိုဗစ်-၁၉ အလွန် New Normal ကာလတွင် ခရီးသွားလုပ်ငန်းများ ဘေးကင်းစွာ ပြန်လည်စတင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Health and Safety Protocol (SOP) နှင့်အညီ လိုက်နာဆောင်ရွက်ရန်အတွက် COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူး သင်တန်းများ၊ ဝန်ကြီးဌာနက cash for Training အစီအစဉ်ဖြင့် ဖွင့်လှစ်ပေးနေကြောင်း၊ ပြည်သူများ၏လူမှု့စီးပွားဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် Nature-based Tourism, Cultural Tourism, Sport Tourism၊ Agriculture and Farming Tourism၊ River and Railway Tourism၊ MICE Tourism နှင့် Caravan and Nautical Tourism များ ရှင်သန်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် (UMTA) ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးအတွက် Action Plan နှင့် Road Map များ ချမှတ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Agricultural Farming Tourism ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်များ ငွေဆောင်၊ ချောင်းသာဒေသများသို့ သွားလာလည်ပတ်နိုင်ရေးအတွက် Pilot Project တင်ပြဆောင်ရွက်နေမှု၊ River Cruise Tourism အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေမှု၊ ချေးငွေရရှိရေးအတွက် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Caravan Tour ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များနှင့် ညှိနှိုင်းဆောင်ရွက်နေမှု၊ Myanmar International Travel Expo 2021 (Virtual Show) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင်လတ်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Enchanting Myanmar Health and Safety Protocol နှင့်အညီ ဝန်ဆောင်မှုများပေးရန် လိုအပ်ကြောင်း၊ Safe Tourism Service များ ပေးနိုင်သည်ကို ပြသနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Health and Safety Protocol များအတိုင်း လိုက်နာဆောင်ရွက်၍ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်မည့် ခရီးစဉ်ဒေသများ ဖြစ်သည်ကို သက်သေပြရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာ Myanmar International Travel Expo 2021 (Virtual Show) ကျင်းပရန်အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Adventure Sport Tourism ဆောင်ရွက်ရာတွင် လတ်မှတ်ရ ကျွမ်းကျင်နည်းပြဆရာများနှင့် စနစ်တကျ စီစဉ်ဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းခရီးသွားများအတွက်ပါ ထည့်သွင်းဆောင်ရွက်ရန် ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


