နေပြည်တော် ၂၈ အောက်တိုဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်း၏ဥက္ကဋ္ဌများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းတို့မှ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် Online မှ ပါဝင်တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာအနှံ့အပြားတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကျွမ်းကျင်သူများက နိုင်ငံတကာ ခရီးသွားလုပ်ငန်းကို အောက်တိုဘာလတွင် ပြန်လည်စတင်နိုင်လျှင် ခရီးသွားလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်း၊ နို၀င်ဘာလတွင် ပြန်လည်စတင်နိုင်လျှင် ခရီးသွားလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် အသင်းများနှင့် ညှိနှိုင်း၍ COVID-19 Myanmar Tourism Rescue Plan ကို Surviving, Reopening, Relaunching ဖြင့် ကုစားဆောင်ရွက်ခဲ့ရာတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ပြည်တွင်းခရီးသွားများနှင့် Reopening လုပ်ဆောင်ဆဲတွင် ရပ်တန့်ခဲ့ရသည့် အနေထားဖြစ်ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် Development Partner များ အသင်းများနှင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ရာတွင် Myanmar Tourism Strategic Rescue Roadmap MTSRR (2021-2025) ကို ဖော်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွန်မှုနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် Enchanting Myanmar Health & Safety Regime (HSR) ကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲနေပြီး အသင်းများ၏ အကြံပြုမှုများကိုလည်း တောင်းခံပေါင်းစပ် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ Enchanting Myanmar HSR ကို Regional, National, International အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး Regional မှာ လက်ရှိ ဒေသဆိုင်ရာ ခရီးသွားကော်မတီများ၏ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ၀န်ထမ်းများ ပူးပေါင်းစစ်ဆေးပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေသည့် အဆင့်ဖြစ်ပါကြောင်း၊ National အဆင့်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြု HSR Regime ကျင့်သုံးမှုကို Certified Inspector များက စစ်ဆေးခြင်း၊ ၆ လတကြိမ် ပြန်လည်စစ်ဆေးခြင်းများ ပါ၀င်ပြီး ဝန်ကြီးဌာန၏ logo ပါ Plaque အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး ၀န်ကြီးဌာန website, webportal များမှာ ထည့်သွင်းကြေညာသွားမှာ ဖြစ်ပါကြောင်း၊ WTTC Certified အဆင့်က International အဆင့် ဖြစ်ပါကြောင်း။
ယခု ကိုဗစ်-၁၉ ကာလအတွင်းမှာ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများအနေနှင့် ထိခိုက်ခံစားရမှု အများဆုံး ဆိုသည်ကို ကောင်းစွာသိရှိသည့်အတွက် ကုစားနိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးနေပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍကြီး၏ အဓိကမောင်းနှင်အားဖြစ်ကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များအနေဖြင့် လုပ်ဆောင်စရာရှိတာတွေကို စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဉက္ကဋ္ဌက သင်းဖွဲ့စည်းမျဉ်းအသစ် ပြန်လည်ရေးဆွဲနေမှုနှင့် ခရီးသွားမြှင့်တင်ရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် Working Group များတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ညီနောင်အသင်း (၁၁)သင်း၏ ဉက္ကဌများက ကိုဗစ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ ကြောင့်ဖြစ်သည့် စီးပွားရေးသက်ရောက်မှု ကုစားရေး အစီအမံများအတွက် ညီနောင်အသင်း (၁၁)သင်းမှ စာရင်းအင်း အချက်အလက်များအား ပြည့်စုံတိကျစွာ ပေးပို့စေလိုကြောင်းနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များ၊ သက်သာခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် က Tourism Working Group ဖော်ဆောင်နေမှု၊ Tourism Sector မှ လုပ်သားများ၏ ကျွမ်းကျင်မှုအသိအမှတ်ပြုရေး ဆောင်ရွက်နေမှု၊ Digital Marketing ဆောင်ရွက်နေမှု၊ Barrier Free Tourism Pilot Project စီမံချက် ရေးဆွဲဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


