ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားကန်ဟိုတယ်၌ NiHao Myanmar (Knowledge Media Group) မှ စီစဉ်ကျင်းပသည့်  Myanmar’s Only Chinese Language Travel & Lifestyle Online Magazine စတင်မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံခရီးသွား လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တရုတ်ဘာသာဖြင့် Online Magazine စတင်လွှင့်ထုတ် သည့် အထိမ်းအမှတ် အစီအစဉ်ဖြစ်ပါကြောင်း၊ အဆိုပါ Online Magazine သည်  မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေးကို အထောက်အကူပြုသည်သာမက နှစ်နိုင်ငံ ချစ်ကြည်မှုကို ပိုမိုတိုးတက်စေမည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်နှင့် NiHao Myanmar (Knowledge Media Group) မှ Publisher and Editor-in-Chief, Mr.Jaffee Yee တို့က အမှာစကား ပြောကြားကြပြီး Short Demonstration of Online Magazine နှင့်စပ်လျဉ်း၍ NiHao Myanmar မှ Managing Editor/Art Director, Mr. Richie Chan က ရှင်းလင်းတင်ပြသည်။ 

 

(မောင်မင်းနိုင်)