နေပြည်တော် ၁၃ မတ်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေး Ms. Priscilla Clapp နှင့်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ကမ္ဘာလှည့်ခရီးသည်များအတွက် အတွေ့အကြုံသစ်များ ရရှိစေရန် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသအသစ် ဖော်ဆောင်မှု၊ COVID-19 တားဆီး ကာကွယ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်နေမှုများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်