နေပြည်တော် ၁၅   စက်တင်ဘာ


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမအတွင်း၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အကြိုခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ ပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်ထိပြသရောင်းချသွားမည်ဖြစ်သည်။


(သတင်းစဉ်)

 

MHP_54